31 December 2009

ကောက်ကရ (၁)


မနေ့ညနေက အလုပ်ပြီးတော့ အိမ်ပြန်ဖို့ ရုံးကားစောင့်ရင်း ကျွန်တော်တို့ ရုံးက သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးရဲ့ သမီးလေးပါ။ အပြစ်ကင်းတဲ့ မျက်နှာလေး ကိုမြင်တဲ့သူတိုင်း စိတ်ချမ်းသာ မှာပါ။

မနေ့ညက ရောက်ပြီး ချက်ချင်း ထမင်းထွက်စားတော့ new year အတွက် ပြင်ဆင်ထားတဲ့၊ စန်တာကလော့တွေ၊ နှင်းကျနေတဲ့ ပုံတွေ၊ christmas tree တွေ ဆိုင်တွေတော်တော်များရှေ့မှာ ပြင်ဆင်ထားတာ တွေ့တယ်။ အမေရိကားနဲ့၊ အင်္ဂလန် တွေမှာတော်တော်အေးနေတယ်လို့ သိရတယ်။ ဒီမှာတော့ ပူနေတုန်းပါ။ ဒီကြားထဲ ကိုယ်က အရမ်းကျပ်ညပ်နေတဲ့ လမ်းပေါ်မှာ ဆိုင်ကယ်စီးရင်း ရေလည်းမချိုးရသေးတော့ စန်တာကလော့ရဲ့ အနွေးထည်အထူကြီးကို မြင်ရတာ မွန်းလာသလို ခံစားရပြီး ချွေးတွေလည်းပိုထွက်လာတယ်။

Phnom Penh Post ထဲမှာ မြန်မာပြည်က သဘာဝဓါတ်ငွေ့တွေကို တရုတ်ကို ပိုက်လိုင်းသွယ်တန်းပြီး ပို့မယ့်အကြောင်း ၊ India ကလည်း အားကျမခံ ဒေါ်လာသန်း ၈၀၀ ကျော်တန်တဲ့ off shore ပိုက်လိုင်း စီမံကိန်းကြီးနဲ့ အဲဒီ့ ဓါတ်ငွေ့တွေ ကိုဝယ်အုံးမှာဖြစ်ကြောင်း ဖတ်လိုက်ရတော့ မုဒိတာပွားရတယ်။ တကယ်ကိုလိုနေတဲ့ သူတို့ကိုလည်း ရောင်း၊ ကိုယ့်နိုင်ငံလည်း ဒေါ်လာတွေရ။
ကမ္ဘာ့ရဲ့ magnetic north က တနှစ်ကို နဲနဲစီရွေ့သွားနေတယ်တဲ့။ ကမ္ဘာ့သံလိုက်ဝင်ရိုးစွန်းကြီး ပြောင်းလာပြီး ရာသီဥတုတွေ နောက်နှစ်တွေတော်တော်ကြာရင် ကပြောင်းကပြန်တွေဖြစ်ပြီး ကျွန်တော်နေတဲ့ Phnom Penh မှာ London လိုနှင်းတွေကျပြီး အရမ်းအေးမှာ မြင်ယောင်မိတယ်။

အခုလောလောဆယ် ရန်ကုန်မှာ မီးပျက်နေလို့ online တက်မလာနိုင်သေးတဲ့ ကျွန်တော့် ကောင်မလေးကို စောင့်ရင်း ဒီ ကောက်ကရ စာကိုရေးလိုက်တယ်။

30 December 2009

2009 for me

နှစ်သစ် ၂၀၁၀ ကိုရောက်တော့မယ်။ ၂၀၀၉ ကတော့ ယေဘူယ ခြုံကြည့်ရင် ကံသိပ်မကောင်းခဲ့ဘူး။ ပစ္စည်းပျောက်၊ ကျန်းမာရေးက ညံ့၊ အချစ်ရေးလည်း ကံခေ၊ ခဲ့ပေမယ့် အလုပ်အနေနဲ့တော့ တော်တော်ကို သက်သာတဲ့နှစ်ပါ။ ၂၀၀၉ ရဲ့အချိန်တွေကို အလုပ်၊ စား၊ အိပ်၊ TV ကြည့် နဲ့ပဲ တော်တော် ဖြုန်းခဲ့တယ်။
ခရီးအနေနဲ့တော့ မွေးရပ်မြေကို ၂ခေါက်၊ ဗီယက်နမ် နဲ့ ဆီရမ် ကို တစ်ခေါက်ဆီရောက်ခဲ့တယ်။ ကွဲကွာနေတဲ့ မိတ်ဆွေ၊ သူငယ်ချင်း တော်တော်များများနဲ့လည်း အပြင်မှာရော online ကျေးဇူးကြောင့်ပါ ပြန်ဆုံရတဲ့နှစ်ပါ။ အိမ်တွင်းရေး ပြသနာလေးတွေလည်း နဲနဲပါးပါး ကြုံခဲ့ရတယ်။
မကောင်းမှုတွေကို တော်တော်ရှောင်ဖြစ်သွားတယ် (ဒီနှစ်ကုန်ခါနီးလေးမှ)၊ ဆေးလိပ်ပြတ်သွားတယ်၊ Beer လုံးဝ မသောက်ဖြစ်သလောက် ဖြစ်သွားတယ်၊ မိန်းမကိစ္စ လည်း ကင်းအောင်နေ နေတယ်။ လူတွေနဲ့ တတ်နိုင်ရင် စကားမပြောချင်လောက်အောင် ကိုစိတ်ကုန်ခဲ့ရတဲ့ နှစ်ပါ။ နားလည်ရ တော်တော်ခက်တဲ့ လူတွေရဲ့ စိတ်ကို ပိုပြီးလည်း သိခွင့်ရခဲ့တယ်။

ဘာပဲပြောပြော ကံ၊ကံ၏ အကျိုးဆိုတာ ကိုပိုပြီး ယုံကြည်မှုပေးတဲ့ ၂၀၀၉ ကိုကျေးဇူးတင်တယ်။
2010 မှာအဖြစ်ချင်ဆုံးက ကိုယ့်စိတ်ကို နိုင်ချင်တာပါ။

28 December 2009

This Week Favourite Blog Post

ဒီတပါတ် Blog တွေထဲက The Gardener ရေးတဲ့



26 December 2009

My Everyday Dinner



23 December 2009

Just Thinking



20 December 2009

internet


အခန်းထဲမှာ ညဘက် အင်တာနက်သုံးချင်လို့ လုံးပမ်းရတာ ဒီနေ့ ၁၅၀ $ လောက်ထွက်သွားတယ်။ လက်ရှိသုံးနေတဲ့ ဖုန်းက ၃ဂျီ မဟုတ်တော့ 3G ဖုန်းဝယ်တာက ၁၀၉ $ (Sony Ericsson K770i)။
ဒီမှာ Ph subscriber တွေက ၉ဦးလောက်ရှိတော့ ဘယ်ဟာက ဈေးလည်းသက်သာ၊ connection လည်းမိ၊ speed လည်းမြန် တာကိုစုံစမ်း၊ နံပါတ်တစ်ခုဝယ် တာက ၂$ (မြန်မာပြည်မှာ ၁၄သိန်း ၊ US $ 1400 ဆိုတော့ ဒီကလူတွေ ပါးစပ်ဟသွားတယ်) ။ Internet သုံးဖို့က ၂၀၀ MB ကို ၁၀$ တဲ့။ download တွေတော့ ရုံးမှာစိတ်တိုင်းကျ လုပ်ခဲ့ ပေါ့။ ဒီလိုနဲ ၁၂၁ $ ကြီးတိတိ ကုန်ပြီးသကာလမှာ Internet ကြီး ကျွန်တော့်အခန်းထဲ ရောက်လာတယ်။

၂၀၊၁၂၊၀၉

တရုံးလုံးမှာ လုံခြုံရေး အစောင့်နဲ့ ကျွန်တော်ပဲရှိတယ်။ အပေါ်ထပ်မှာတော့ boss ကအိပ်တုန်း။ အမိုးပေါ်မှာ က အလုပ်သမားတစ်ချို့ ကြမ်းခင်းကို မော်တာလောင်းနေတယ်။ အမှန်က ၇ နာရီထဲက စ ရမယ့်အလုပ်။ my boss အိပ်နေလို့ စောင့်နေရတာ။

17 December 2009

she and me


13/12/2009 နေ့က ရန်ကုန်မှာ

05 December 2009

Fifa 2010 Groups

မနေ့ ညက မဲနှိုက်လိုက်တဲ့ ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ် အုပ်စုတွေပါ။ အိမ်ရှင် South Africa ကတော့ တော်တော် စိတ်ညစ်သွားပါတယ်။ ဦးစားပေးအဆင့် သတ်မှတ်ခံရလို့ အသင်းကြီးတွေနဲ့ လွဲမလားအောက်မေ့တယ်၊ ပြင်သစ်နဲ့ တဲ့တဲ့တိုးသွားတယ်။ နောက်၂သင်းကလည်း Maxico နဲ့ Uruguay ဆိုတော့ အိမ်ရှင်ခမျာ အုပ်စုကနေလှည့်ပြန်ရမယ့် ကိန်းပါ။ နောက် စိတ်ဝင်စားဖို့ကောင်းတာက Brazil, Portugal, Ivory Coast တို့ပါနေတဲ့ အုပ်စု။ Ronaldo, Ka Ka နဲ့ Drogba တို့တွေ့ကြမယ့် အုပ်စုပါ။ အိမ်ဖြည့်ကတော့ North Korea ပါ။ ကျန်တဲ့ အုပ်စုတွေကတော့ သိပ်မကွာသလိုပါပဲ။


ကျွန်တော်အကြိုက်ဆုံး ၃သင်းရွေးဆို Spain, Brazil နဲ့ England ပါပဲ။

26 November 2009

When Engineer cannot solve the problem


When the Engineers can not solve the problem,